630 LTD · ACCOUNT & DATA DELETION
ငွေစာရင်း Account ဖျက်ရန်
မိမိ online account နှင့် ဆက်စပ် online backup များကို ဖျက်နိုင်ပါသည်။ ဆက်သိမ်းထားလိုသည့် စာရင်းများကို အရင် export လုပ်ထားပါ။
နည်းလမ်း ၁ — App ထဲမှ ဖျက်ရန်
- ငွေစာရင်း app ရှိ Settings → Online backup / Account သို့ ဝင်ပါ။
- လိုအပ်ပါက login ဝင်ပြီး account ဖျက်ရန် လုပ်ဆောင်ချက်ကို ရွေးပါ။
- အတည်ပြုချက်ကို ဖတ်ပြီး account အမှန်တကယ်ဖျက်လိုမှ အတည်ပြုပါ။
App မှ account ဖျက်ခြင်း အောင်မြင်ပါက active database မှ account နှင့် ဆက်စပ်မှတ်တမ်းများကို ဖျက်ပါသည်။
နည်းလမ်း ၂ — App မရှိလျှင် Email ဖြင့် တောင်းဆိုရန်
Account ဖွင့်ထားသည့် မူလ email မှ ngwesayin@630.email သို့ subject ကို “NgweSayin account deletion request” ဟု ရေးပို့ပါ။ မိမိ NgweSayin account နှင့် ဆက်စပ် online backup များကို ဖျက်လိုကြောင်း ဖော်ပြပါ။ Account ပိုင်ဆိုင်မှုကို စစ်ဆေးပြီး လိုအပ်သည့် နောက်အဆင့်များနှင့် ပြီးဆုံးသည့် အတည်ပြုချက်ကို ပြန်ကြားပါမည်။
Email ဖြင့် တောင်းဆိုရန် ↗Password၊ verification/reset code သို့မဟုတ် ငွေစာရင်းအပြည့်အစုံကို မပို့ပါနှင့်။ ဤ link သည် မိမိ email app ကိုသာ ဖွင့်ပေးပြီး တောင်းဆိုချက်ပို့ခြင်း သို့မဟုတ် account ဖျက်ခြင်းကို အလိုအလျောက် မလုပ်ပါ။ မဖွင့်နိုင်ပါက email လိပ်စာကို ကူးယူပြီး မိမိ email app မှ ပို့နိုင်ပါသည်။
ဘာတွေဖျက်ပြီး ဘာတွေကျန်နိုင်သလဲ။
- Active database မှ account၊ session၊ verification code နှင့် ဆက်စပ် online backup များကို ဖျက်ပါသည်။
- ကန့်သတ်ထားသော server recovery မိတ္တူများကို ၃၀ ရက်ထားပြီး သက်တမ်းပြည့်မိတ္တူကို နာရီစဉ် cleanup တွင် ဖျက်ပါသည်။ ထို့ကြောင့် ကာလပြည့်ပြီးနောက် တစ်နာရီခန့် ထပ်ကျန်နိုင်ပါသည်။
- Recovery ကာလအတွင်း random account ID နှင့် ဖျက်သည့်အချိန်ကိုသာ deletion marker အဖြစ် ထားပါသည်။ ပြန်ယူရာတွင် ဖျက်ထားသော account ပြန်မပေါ်စေရန် marker များကို ပြန်သက်ရောက်စေပြီး session/code အဟောင်းများကို ပယ်ဖျက်ပါသည်။
- Online account ဖျက်ခြင်းနှင့် ဖုန်းထဲက local စာရင်း reset သည် မတူပါ။ မိမိ export/share လုပ်ထားသည့် JSON/CSV နှင့် လက်ခံသူဘက်ကမိတ္တူများကို အလိုအလျောက် မဖျက်နိုင်ပါ။
- Support email စာများနှင့် မိမိ mailbox ထဲက စာများကို account ဖျက်ခြင်းကြောင့် အလိုအလျောက် မဖျက်ပါ။ Support စာများကို သီးခြားဖျက်ပေးရန် တောင်းဆိုနိုင်ပါသည်။
နည်းပညာမှတ်တမ်းနှင့် ထိန်းသိမ်းကာလအသေးစိတ်ကို ကိုယ်ရေးအချက်အလက် မူဝါဒ တွင် ကြည့်နိုင်ပါသည်။